ရွှေကူတွင် စစ်ကောင်စီသင်္ဘောကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုံသာကျေးရွာအနီးသို့ ယနေ့မွန်းလွှဲ ၃ နာရီခန့်၌ စစ်ကောင်စီသင်္ဘောတစ်စီးကို ကေအိုင်အေက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရသည်။

ရွှေကူတွင် စစ်ကောင်စီသင်္ဘောကို ကေအိုင်အေတိုက်ခိုက်

စစ်ကောင်စီသင်္ဘောဆန်တက်လာချိန် လက်နက်ကြီးပစ်ခတ်သံများကြား‌နေရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရောက်ပြီနေမှာ လက်နက်ကြီးသံကြားနေရပြီ။ အကျယ်ကြီး ၃ ချက် ခပ်တိုးတိုးလေး သုံးချက် ကြားတာ။ ထိမှာစိုးလို့ ပုန်းနေတာ အသံဘဲကြားရတယ်။” ဟုပြောသည်။

ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာတွင် စက်တင်ဘာ ၁၂ရက်‌နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသယ်ဆောင်လာသည့် သင်္ဘောဆန်တက်လာချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး‌ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဓါတ်ပုံ/ ယခင်ကဓါတ်ပုံ​ဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ