မုံရွာမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ပရဟိတဆရာဝန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်မသိသေး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ရှိ မနောဥယျာဉ် ကချင်ရိုးရာစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည့် ပရဟိတဆရာဝန်ကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးသွားပြီး နှစ်ရက်ကြာသည်အထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း သိရသည်။

မုံရွာမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ပရဟိတဆရာဝန်ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်မသိသေး

မုံရွာမြို့၊ ပါရမီလမ်း ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်သည့် ဒေါက်တာ ဇော်ထွယ်အောင်သည် စစ်ရှောင်ပြည်သူများကို လှည့်လည်ဆေးကုသပေးနေသူဖြစ်ပြီး နာမကျန်းဖြစ်သောကြောင့် နေအိမ်သို့ ပြန်နေစဉ် ဖမ်းဆီးခံလိုက်ရကြောင်း သူနှင့်နီးစပ်သူက The 74 Media ကို ပြောသည်။

“နေမကောင်းလို့ ခဏပြန်နားတာ ဖမ်းခံလိုက်ရတာပါ၊ ဖမ်းတဲ့အကြောင်းပြချက်မေးမရဘူး။ နောက်တော့ သိရမှာပေါ့လို့ပဲဖြေတယ်။ သေနတ်တွေနဲ့ထိုးချိန် တစ်အိမ်လုံးမွှေနောက်ပြီး ရှာသွားတယ် အိပ်ခန်းတွေထိမွှေတာ၊ နာမည်နဲ့ကို လာဖမ်းတာ၊ သက်သေခံပစ္စည်းဆိုပြီး ဆေးပုံးအသေးတလုံးကလွဲလို ဘာမှမပါသွားဘူး၊ ခုချိန်ထိ ဘယ်ခေါ်သွားပြီး ဘယ်ရောက်နေသလဲ အတိအကျမသိရဘူး” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကား သုံးစီး၊ အိမ်ကား တစ်စီးနှင့် အရပ်ဝတ်များက လက်နက်အပြည့်အစုံဖြင့်

စက်တင်ဘာလ ၂၄ ရက်နေ့၊ နေ့လည် ၁၂ ဝန်းကျင်ခန့်က ဒေါက်တာဇော်ထွယ်အောင်နှင့်အတူ သူ၏ယောက်ဖဖြစ်သူ ကိုကျော်ညီသစ်နှင့်အသက် ၁၆နှစ်အရွယ် ဆိုင်ဝန်ထမ်း နေမင်းဟိန်း(ခ)နေနေတို့ကို မျက်လုံးပိတ်စည်း လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဒေါက်တာဇော်ထွယ်အောင်သည် ကျန်းမာရေးအခြေအနေ မကောင်းသောကြောင့် မိသားစုဝင်များစိုးရိမ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ရစေချင်နေကြောင်း သူက ဆက်ပြောသည်။

ကချင်လူမျိုးဖြစ်သည့် ဒေါက်တာဇော်ထွယ်အောင်သည် စစ်ကိုင်းတိုင်း အနောက်ဖက် ကျေးရွာများရှိ စစ်ရှောင်ပြည်သူများကို ဆေးကုသပေးနေသည့် ပရဟိတ ဆရာဝန်တစ်ဦးဖြစ်သည်။

ပုံ/ ပရဟိတဆရာဝန် ​ဒေါက်တာ​ဇော်ထွယ်​အောင်

သင့်ထင်မြင်ချက်ရေးပေးပါ