တစ်ပြည်လုံးအုံကြွမှ တော်လှန်ရေးအောင်မြင်မည်ဖြစ်သဖြင့် စစ်မျက်နှာများဖွင့်လှစ်တိုက်ခိုက်ရန် PPDF တောင်းဆို

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားဖြင့် စစ်ဆင်ရေးပြင်ဆင်နေသဖြင့် တစ်နိုင်ငံလုံးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်မျက်နှာဖွင့်ပေးရန် ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုလိုက်သည်။

စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် အထိအခိုက်အကျအဆုံးမများမှီ တစ်နိုင်ငံလုံးရှိ PDF များ စစ်ကောင်စီကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ရန်လိုကြောင်း မေတ္တာရပ်ခံထားသည်။

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းခံခဲ့ရသဖြင့် လွန်ခဲ့သည့်နှစ်ရက်မှစတင်ကာ လူအင်အားနှင့် လက်နက်အင်အားတိုးချဲ့နေပြီး ယနေ့နံနက်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ