ဆယ်နှစ်အတွင်း အာဆီယံအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

ကြိုးစားပါက ဆယ်နှစ်အတွင်း အာဆီယံနိုင်ငံများအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ယမန်နေ့စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားလိုက်သည်။

ဆယ်နှစ်အတွင်း အာဆီယံအတွင်း ထိပ်တန်းနိုင်ငံဖြစ်နိုင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၅/၂၀၂၁) တွင် အကြမ်းဖက်စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“…မိမိတို့နိုင်ငံအနေဖြင့် ကြိုးစား ဆောင်ရွက်ပါက ၅ နှစ်အတွင်း အာဆီယံနိုင်ငံများတွင် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ပြီး ၁၀ နှစ်အတွင်း ထိပ်တန်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း” ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင်က ဒီမိုကရေစီဆိုသည်မှာ အများ၏ဆန္ဒအရ ဥပဒေနှင့်အညီရွေးချယ်ခံရသူများက ဦးဆောင်ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေမဲ့အကြမ်းဖက်ရိုက်နှက်သတ်ဖျက်မှုများကြောင့် သေဆုံးသူ ၁၁၂၅ ဦးရှိပြီး ဖမ်းဆီးခံရသူ ၆၈၀၃ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ