ရွှေကူမြို့နယ်

ကချင်ပြည်နယ် ရွှေကူမြို့နယ် နောင်ပင်ကျေးရွာအဝင်တွင် ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း‌သိရသည်။

ပစ်သတ်ခံရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းလွင်စိန်သည် မိုးစစ်ကျေးရွာအနောက်ရှိ နောင်ပင်ကျေးရွာမှ ချဲရောင်းပြီ ပြန်လာချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ပစ်သွားတာ ၁၀ ချက်လောက်ရှိတယ်။ မိုးစစ်ရွာနောက်ဘက်က ဆိုင်ကယ်နဲ့ သူတစ်ယောက်တည်း ချဲရောင်းပြီး အပြန်မှာပစ်ခံရတာ။ သူက ကြံ့ခိုင်ရေးပါတီဝင်ဟုတ်တယ်။” ဟုပြောသည်။

ဦးသန်းလွင်စိန်သည် အသက် ၄၀ ကျော်ခန့်ရှိပြီး ရွာတွင်လည်း ပျူစောထီဟု နာမည်ထွက်နေသူဖြစ်ကြောင်း သူကဆက်ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို နောင်ပင်ကျေးရွာမှ မိုးစစ်ကျေးရွာသို့ သုံးဘီးကားဖြင့် သယ်သွားပြီဖြစ်ကြောင်း သိရသည်။

ရွှေကူမြို့နယ် စီသောင်ကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း စီသောင်ကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးညွှန့်အောင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ