မြစ်ကြီးနားမြို့ ဂျပန်လမ်းတွင် ဓါးထောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့, စီတာပူရပ်ကွက် နောင်ရာပါလမ်းခွဲ(ဂျပန်လမ်း)တွင် ယမန်နေ့ ည၇နာရီခွဲ အချိန်က ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အမည်မသိလူငယ်လေးယောက်မှ ဓါးထောက်ကာ ဆိုင်ကယ်လုယက်ခဲ့သည့်အပြင် ၎င်း၏ခင်းပွန်းဖြစ်သူကိုလည်း ထိုးကြိတ်သွားကြောင်း လုယက်ခံခဲ့ရသူက The 74 Mediaကိုပြောသည်။

“ကျွန်မတို့ လင်မယား နှစ်ယောက် သွားတဲ့အချိန် လုခံရတာပါ၊ ကျွန်မကိုတော့ ဘာမှမလုပ်သွားဘူး။ ဆိုင်ကယ်ပေးလိုက်တော့ ဘာမှမလုပ်သွားဘူးပေါ့။ ကျွန်မကိုတော့ မအော်နဲ့တဲ့ အော်ရင် ဓားနဲ့ထိုးမယ်ဆိုတော့ ကျွန်မလည်း မအော်တော့ဘူး။ ကိုယ်ဝန်နဲ့ဆိုတော့ ကျွန်မလည်း အရမ်းတောင်းပန်လိုက်တာ။အမျိုးသားကို လည်ပင်းမှာ ဓါးထောက်ထားတယ်။ ခုတောင် ဓားထောက်တဲ့ ဒဏ်ရာ နှစ်ချက်ရထားတယ်။ နဖူးနဲ့ ပါးတွေမှာလည်း ထိုးထားပေးလို့ ဖောင်းနေတယ်” ဟုပြောသည်။

ထို့အပြင် ၎င်း၏ခင်ပွန်းဖြစ်သူအား ဖုန်းတောင်းရာ ဖုန်းမပါခဲ့ဟုဆိုသောကြောင့် ပါးတွင် ထိုးကြိတ်ခဲ့ကြောင်း သူကဆက်ပြောသည်။

မြစ်ကြီးနားမြို့ ဂျပန်လမ်းတွင် ဓါးထောက်ကာ ဆိုင်ကယ်လုယက်မှုဖြစ်ပွာ

လုယက်ခံခဲ့ရသောကြောင့် အမှတ် (၁) ရဲစခန်းတွင်တိုင်ကြားထားပြီး လုယက်သူလေးဦးမှာ ဆယ်ကျော်သက်အရွယ်လူငယ်များဖြစ်ကြောင်းလည်း သူကပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်သာမက မိုးညှင်း၊ ဗန်းမော်၊ ဖားကန့်မြို့များတွင်လည်း ဓါးထောက်ကာ ဆိုင်ကယ်လုယက်မှုများ အဖြစ်များနေကြောင်းသိရသည်။

ပုံ/လုယက်ခံခဲ့ရသောဆိုင်ကယ်။

သင့်ထင်မြင်ချက်ရေးပေးပါ