ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ဒေါဆန်းဘွန်းရွာတွင် ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ ည ၈နာရီခွဲခန့်က စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ဒေသခံများ၏ နေအိမ်အချို့ပျက်စီး

 

လွိုင်ကော်မြို့နယ်ရှိ ဒေါဆန်းဘွန်းကျေးရွာတွင် စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာမှာ ဗုံးနှစ်လုံးကျပြီး လူနေအိမ်တွေပါ လက်နက်ကြီးအစ ထိမှန်ခဲ့တာပါ။ လေးအိမ်လောက် ထိမယ်ထင်တယ်။” ဟုသူကပြောသည်။

ဒေါဆန်းဘွန်းကျေးရွာရှိ စာသင်ကျောင်းဝန်းတွင်လည်း လွန်ခဲ့သော မေလက လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သူကဆက်ပြောသည်။

ကယာပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယမန်နေ့ နံနက် ၈ နာရီခွဲက ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ခြောက်မိုင်ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်ဟု KNDF က ၎င်းတို့၏ ဖေစ့်ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ