မုံကိုးမြို့နှစ်ခြင်းဘုရားကျောင်းမှ စစ်ရှောင်ပြည်သူ ၁၀ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်ရှိ မုံကိုးနှစ်ခြင်းဘုရားကျောင်းမှ စစ်ရှောင်ပြည်သူများတွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၁၀ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ရှောင်စခန်းတွင် နေထိုင်သူများက နှာစေးချောင်းဆိုးပြီး ဖျားနာလာသောကြောင့် စစ်ဆေးရာမှ ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
မုံကိုးမြို့နှစ်ခြင်းဘုရားကျောင်းမှ စစ်ရှောင်ပြည်သူ ၁၀ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့
“မနေ့က နေမကောင်းတဲ့ ခြောက်ယောက်ကို ဆေးခန်းမှာ စစ်ကြည့်တာ ငါးယောက်မှာပိုးတွေတယ်။ သူတို့နဲ့ ဆက်စပ်သူ ၁၁ ယောက်ကိုလည်း ပြန်စစ်လိုက်တာ ငါးယောက်ထပ်တွေ့တယ်။ တစ်ခန်းမှာ မိသားစု နှစ်စုလောက်နေတယ် အဲ့ကနေကူးသွားတာ” ဟုသူကပြောသည်။
စစ်ရှောင်စခန်းသုံးခုမှ စစ်ရှောင်ပြည်သူအားလုံးကို ယနေ့တွင် လည်ချောင်းတို့ပတ်ယူ၍ ကိုဗစ်၁၉ စစ်ဆေးမှုပြုလုပ်ထားပြီး စက်တင်ဘာ ၁၅ ရက်နေ့တွင် အဖြေသိရမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့အတည်ပြုလူနာများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ကိုးဦးဖြစ်ပြီး ကိုဝန်ဆောင်မိခင်တစ်ဦး ပါဝင်ကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများသည် ဩဂုတ် ၂၉ ရက်နေ့မှစ၍ မုံကိုးမြို့ရှိ စစ်ရှောင်စခန်းသုံးခုသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး မုံကိုးနှစ်ခြင်းအသင်းတော်တွင် (၄၆၄)ဦး၊ ဘုန်းကြီးကျောင်းတွင် (၁၇၆)ဦးနှင့် လီဆူဘုရားကျောင်းတွင် (၁၀၀)ဦး နေထိုင်ကြသည်။
မုံကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) များအကြား ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးသိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ