နောင်မွန်မြို့နယ် ဓမ္မဆရာသုံးဦးအမှု
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ဓမ္မဆရာသုံးဦးကို ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့က ရုံးထုတ်စစ်ဆေးရမည်ဖြစ်သော်လည်း တရားလိုမလာသဖြင့် ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

နောင်မွန်မြို့နယ် ဓမ္မဆရာသုံးဦးအမှု

 

ဖမ်းဆီးခံထားရသော ဓမ္မဆရာသုံးဦး၏ ရုံးချိန်းတွင် တရာလိုရဲမှူး ရောက်မလာသောကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“နောင်မွန်းဘက်က တရားလို စခန်းမှူးတို့က တရားလိုလည်း လုပ်ထားတယ် ထောင်ကနေ ရုံးချိန်းထုတ်ဖို့ကျတော့ တရားလိုတွေ မရောက်လာတော့ မထုတ်ဖြစ်တော့ဘူး” ဟုသူကပြောသည်။
နောက်တစ်ကြိမ် မည်သည့်နေ့တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ကို မသိရှိရသေးကြောင်း သူကဆက်ပြောသည်။
နီးစပ်သူတစ်ဦးက ဖမ်းဆီးခံထားရသည့် ဆရာသုံးဦးမှ ဆရာဆင်ဆားရ်နှင့် ငါးမိနစ်ခန့် တွေ့ဆုံစကား ပြောခွင့်ရရှိခဲ့ပြီး ဆရာသုံးပါးသည် ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်မှ ဓမ္မအမှုတော်ဆောင်ဆရာ သုံးဦးကို ရာဇသတ်ကြီးပုဒ်မ – ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ပူတာအိုခရိုင် နမ်ဟော့ အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ