စစ်ကောင်စီသင်္ဘောတစ်စင်း
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယမန်နေ့ညနေ ၆နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ခဲ့သဖြင့် ပြည်သူ သုံး ဦးထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးအား စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီသင်္ဘောတစ်စင်း

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သောကြောင့် ရွှေဘုံသာကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်နက်စမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“သုံးယောက်ထိတာဟုတ်တယ်။ ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ဟုတ်တယ်။ ယောက်ျားလေးတစ်ယောက်က ညာဘက်နားရွက်အနောက်ထိတာ။ နောက်တစ်ယောက်က ရင်ဘတ်ထိတာ။ အမျိုးသမီးတစ်ယောက်က ခြေသလုံးကျည်မှန်တာ။ စစ်တပ်ကခေါ်သွားတာ ၂ ယောက်ဟုတ်တယ်” ဟုပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၄၀ ဝန်းကျင်နှင့် ၅၀ ဝန်းကျင်များဖြစ်ကြပြီး ယခုချိန်၌ ရွှေကူမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။
ထိုသင်္ဘောသည် စက်တင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်၌ စစ်အင်အားအပြည့်၊ ရိက္ခာအပြည့်ဖြင့် မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာသည့် သင်္ဘောဖြစ်သည်။
ဓါတ်ပုံ – စစ်ကောင်စီသင်္ဘောတစ်စင်းကို ဩဂုတ်လ ၁၈ ရက်နေ့က ရွှေကူမြို့နယ် ရွှေဘုံသာကျေးရွာ အနီးတွင်တွေ့ရပုံ
သင့်ထင်မြင်ချက်ရေးပေးပါ