စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် သင်္ဘော ရွှေကူရောက်ပြီ
မန္တလေးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသယ်ဆောင်လာသည့် သင်္ဘောတစ်စီး ယနေ့ညနေ ၇ နာရီခန့်က ကချင်ပြည်နယ် ရွှေကူဆိပ်ကမ်းသို့ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ဘောသည် ကျောက်ကြီးကျေးရွာအနီး၌ ပစ်ခတ်ခံရသော်လည်း ယခု ၇ နာရီခန့်၌ ဆက်လက်ဆန်တက်လာနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် သင်္ဘော ရွှေကူရောက်ပြီ
“ခဏ ကျောက်ကြီး နားမှာ ပစ်တယ်။ အရင်လိုဘဲ ဖြစ်တာ။ အခုရွှေကူရောက်ပြီ။ စစ်သားတွေတော့ အများကြီး ပါတယ်” ဟုပြောသည်။
ထိုသင်္ဘောသည် စက်တင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်၌ စစ်အင်အားအပြည့်၊ ရိက္ခာအပြည့်ဖြင့် မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာသည့် သင်္ဘောဖြစ်ကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ