ဂန့်ဂေါမြို့နယ်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာနှင့် သာလင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှ စတင်ကာ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်အတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခွဲခန့်မှ စတင်ကာ ရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ရွာရှိ နေအိမ်များကို လိုက်လံမီးရှို့ဖျက်စီးနေသည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနက်ကတည်းက ကြမ်းနေတာ လက်နက်ကြီး အချက် ၅၀ လောက်ရှိတယ် လက်နက်ငယ်ကတော့ အဆက်မပြတ်ဘူး။ အခုတော့ အပစ်ရပ်ပြီး ရွာထဲ အိမ်မီးရှို့နေပြီ။ လက်နက်ကြီးကြောင့် ရွာက နေရာတော်တော်များများ မီးလောင်တယ်” ဟုသူကပြောသည်။
ယခုအချိန်၌ မြင်သားကျေးရွာ၊ သာလင်းကျေးရွာမှ ဒေသခံများအပါအဝင် အနီးရှိရွာမှ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးသိမ်းရှောင်နေကြကြောင်း သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ