စစ်ကောင်စီတပ်ဖွဲ့ဝင်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးဆိပ်ကမ်းတွင် စစ်ကောင်စီတပ်များ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာ ပြည်သူများကို ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကျောက်ကြီးဆိပ်ကမ်းအနီး ဖြတ်သန်းသွားလာသူများအားလုံး၏ ဖုန်းများကို စစ်ဆေးနေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောက်ကြီး မှာ စစ်သားတွေ အများကြီး ရောက်နေတာ။ ပြီးတော့ ဆိပ်ကမ်းမှာ လူတွေကိုစစ်နေတာ။ ဖုန်းတွေစစ်နေတာ။ ဟိုဘက်ကမ်းကိုမော်တော်တွေနဲ့ ကူးတယ်လေ ဈေးဝယ်ဘာဝယ် မော်တော်တွေ ထွက်တယ်လေ ဆိပ်ကမ်းတက်ရင် စစ်တာ။” ဟုပြောသည်။
ရွှေကူမြို့နယ် ကျောက်ကြီးတွင်သာမက ရွှေကူမြို့ ရဲစခန်းအနီး၌လည်း ယနေ့နံနက် ဖြတ်သွား ဖြတ်လာများ၏ ဖုန်းများ စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသင်္ဘောတစ်စီးသည် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် စစ်အင်အားအပြည့်၊ ရိက္ခာအပြည့်ဖြင့် မန္တလေးမှ ဗန်းမော်သို့ ဆန်တက်လာကြောင်း သိရသည်။
ဓာတ်ပုံ – ဖေဖော်ဝါရီလအတွင်း နေပြည်တော်တွင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး
Photo Credit – AFP
သင့်ထင်မြင်ချက်ရေးပေးပါ