မိုးမောက်မြို့နယ် ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည်ဟု သိရသည်။

မိုးမောက်မြို့နယ် ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့တိုင်းလိုလို ရမ်းသမ်းပစ်ခတ်နေသဖြင့် ကျေးရွာနေပြည်သူများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဘာရည်ရွယ်ချက်နဲ့လည်း မသိဘူး၊ ဒီလိုပဲ ရွာထဲကို လက်နက်ကြီးတွေ ပစ်ပစ်နေတာ၊ ကျွန်မတို့ကို ဘယ်နေ့ထိမလဲဆိုပြီး စိုးရိမ်စိတ်နဲ့ နေနေရတယ်” ဟု ပြောသည်။
မိုးမောက်မြို့နယ်သည် ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဖွဲ့များ အထိနာလျက်ရှိသည့် ဒေသဖြစ်သည်။
မေလ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ၏ စစ်ရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေက ပစ်ချလိုက်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ