ဝိုင်းမော် ခ.လ.ရ (၅၈) တပ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အခြေစိုက် ခ.လ.ရ ၅၈ တပ်က ယနေ့ ဩဂုတ်လ ၃၀ ရက် ည ၇ နာရီခန့်က လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီးရှိ ခ.လ.ရ (၅၈) တပ်သည်လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်‌နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးသံပဲကြားရတယ် လေးချက်ကြားတယ် သေနတ်ကတော့ ခဏဘဲပစ်ပြီးပြန်ငြိမ်သွားတယ် ဘယ်တော့ပြန်ပစ်မလဲမသိဘူး” ဟုသူကပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့က ခ.လ.ရ (၅၈) တပ်၏ ပစ်ခတ်မှုကြောင့် မဒိန်ကျေးရွာ နှင့် ခါ့ကွမ်ကျေးရွာတို့မှ လူနေအိမ်အချို့ပျက်စီးခဲ့ပြီး လက်ရှိအချိန်အထိ တပ်အနီးရှိ ကျေးရွာအချို့မှ ရွာသူရွာသားများ လုံခြုံရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ