လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချထွက်​​ပြေး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး​ကျေးရွာအရှေ့ဘက်ခြမ်းတွင် ယနေ့ညနေ ငါးနာရီခန့်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချထွက်ပြေးခဲ့ကြောင်းသိရသည်။

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချထွက်​​ပြေး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စစ်​ကောင်စီတပ်နှင့် တစ်နာရီခန့်တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ခိုင်မာသောသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“ညနေက KNDF နဲ့ PDF တွေပေါင်းပြီး ပြန်ပစ်တယ်ကြားတယ်။ အချိန်တော့ သိပ်မကြာလိုက်ပါဘူး။ တစ်နာရီဝန်းကျင်လောက်နဲ့ ငြိမ်သွားတယ်။ လက်နက်တွေ သိမ်းဆည်းရမိတယ်” ဟု​ပြောသည်။
တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်များ ​သေဆုံးခဲ့ပြီး မည်မျှသေဆုံးသွားသည်ကို​တော့ အတိအကျမသိ​ကြောင်းသူက​ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ စစ်သားအချို့ လက်နက်ချကာ ထွက်ပြေးမှုများလည်းရှိကြောင်း သူကဆက်ပြောသည်။
ထို့အပြင် လွိုင်​​​​ကော်မြို့နယ် ဒေါတဟေးကျေးရွာအနီးတွင် ယမန်​နေ့က ဖြစ်ပွားခဲ့​သော တိုက်ပွဲတွင်လည်း လက်နက်ငယ် (၃) လက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။
ကယားပြည်နယ်တွင် မေလမှစ၍ စစ်ကောင်စီနှင့် KNDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သော်လည်း ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ