လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ​သေဆုံးသူများပြာ
ကယားပြည်နယ်၊ လွိုင်​ကော်မြို့နယ်တွင် ယမန်နေ့ ဩဂုတ်၂၈ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် KNDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

လွိုင်​ကော်မြို့နယ်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ​သေဆုံးသူများပြာ

 

လွိုင်​ကော်မြို့နယ် တီးလုံအုပ်စု၊ ကွန်နားကျေးရွာနှင့် ဒေါတဟေးကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF က ခုခံတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“တိုက်ပွဲက မနက် ၈ နာရီကတည်းက တိုက်ပွဲစနေတာ ည ၇ နာရီ လောက်မှ ငြိမ်သွားတယ်။ စကစဘက်က လက်နက်တချို့ကို KNDF အဖွဲ့က သိမ်းဆည်းရမိတယ်။ သုံးပွင့်ဗိုလ်တစ်ယောက်ကျတယ်လို့လည်း သိရတယ်။ စကစဘက်က အကျများတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကွန်နားကျေးရွာရှိ ပြည်သူတို့၏ နေအိမ်အချို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သူကဆက်ပြောသည်။
KNDF က သိမ်းဆည်းရမိသည့် လက်နက်များမှာ စက်​သေနတ် (၁) လက်၊ လက်ပစ်ဗုံးတစ်လုံး၊ RPG ပို့ကျည်တစ်ချောင်း
၄၀ မမ ဗုံးသီးများနှင့် ၅.၅၆ အမျိုးအစားကျည်တို့ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ်တွင် လွန်ခဲ့သည့် မေလမှစ၍ စစ်ကောင်စီနှင့် KNDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သော်လည်း စစ်ကောင်စီမှ ဖိနှိပ်မှုများကြောင့် ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ