ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) အနီး ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာတွင် ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့၌ ခ.လ.ရ ၅၈ တပ်က ဒေသခံပြည်သူ‌ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ခ.လ.ရ ၅၈ တပ်က ပစ်ခတ်မှုများပြုလုပ်နေချိန် ယနေ့မွန်းလွဲ ၁နာရီခန့်က ဒေသခံပြည်သူ သုံးဦးဖမ်းဆီးခံရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ပစ်‌ေနတဲ့ချိန် ရွာထဲကဘဲဖမ်းတာ တစ်ယောက်က ငါးမာလာမှုန့် သွားဝယ်ရင်း ဖမ်းခံရတာ နောက်နှစ်ယောက်က ပစ်ခတ်နေတဲ့အချိန် ရွာလည်နေတုန်း စကစ က အင်အား ၃၀လောက်ရှိတယ် သူတို့နဲ့ တည့်တည့်တိုးပြီး ဖမ်းခံလိုက်ရတာ”ဟုသူကပြောသည်။
ထို့ပြင် ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ညနေကလည်း အသက် ၅၈ နှစ်အရွယ် အမျိုးသားတစ်ဦး ခလရ ၅၈ တပ်အနောက်ရှိ ယာခင်းသို့သွားချိန် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့‌ေကြာင်း သူကဆက်ပြောသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ယနေ့ ‌ ခ.လ.ရ ၅၈ တပ်၏ ပစ်ခတ်မှုကြောင့် မဒိန်ကျေးရွာနှင့် ခါ့ကွမ်ကျေးရွာမှ လူနေအိမ်အချို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ