အာဖဂန်နစ္စတန်နိုင်ငံကို လတ်တလောတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာလီဘန်တိုက်ခိုက်ရေးသမားများ အပန်းဖြေနေရာများတွင် ပျော်ရွှင်နေသည့် ဗွီဒီယိုများ တွီတာလူမှုကွန်ရက်အသုံးပြုသူများအကြား ရေပန်စားလာသည်။

ဗွီဒီယိုတစ်ခုတွင် တာလီဘန်တိုက်ခိုက်ရေးသမားများက သေနတ်ကိုင်ကာ ပန်းခြံတစ်ခုရှိတိုက်ကားများကို စီးကာ ပျော်ရွှင်နေကြသည်။
အခြားဗွီဒီယိုတစ်ခုတွင်မူ သမ္မတနန်းတော်ရှိကိုယ်ကာယလေ့ကျင့်ရုံ (Gym) တွင် အားကစားပြုလုပ်နေသည့် တာလီဘန်များကို တွေ့ရသည်။
အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ်သတ်မှတ်ခံထားရသည့် တာလီဘန်အဖွဲ့သည် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး အမေရိကန်နှင့်မဟာမိတ်တပ်ဖွဲ့များက ၂၀၀၁ ခုနှစ်နောက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အာဏာမှ ဖယ်ရှားခဲ့သည်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံအတွင်းနှစ်ပေါင်း ၂၀ ခန့်တပ်စွဲခဲ့ပြီး ယခုနှစ်အတွင်း အလျင်အမြန်ဆုတ်ခွာခဲ့ပြီးနောက် အချိန်လေးလအတွင်း တာလီဘန်တပ်ဖွဲ့များက မြို့တော်ကဘူးလ်အပါအဝင် နိုင်ငံအနှံ့ရှိ မြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
အာဖဂန်သမ္မတ အာရှရဖ်ဂါနီသည် ဩဂုတ်လ ၁၆ ရက်တွင် ပြည်ပထွက်ပြေးခဲ့ပြီးနောက် တာလီဘန်များက နိုင်ငံကို တရားဝင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ