Breaking News 47 Media

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ အုပ်ကျင်းကျေးရွာအဝင်တွင် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က လူငယ် ၁၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်များကို ဒူးထောက် လက်မြှောက်ထားခိုင်းကြောင်း မျက်မြင်တွေ့ရှိသည့် ခရီးသွားပြည်သူ တစ်ဦးက The 74 Media ကိုပြောသည်။

“မန်ရွတ်ကိုကားနဲ့ သွားတာ၊ အဲ့တာ ကျွန်တော်တို့ကို တားထားတာ၊ အဲ့တာဘာဖြစ်တာလဲ လို့မေးတော့ သူတို့ကို တွယ်မယ့်ကောင်တွေမိထားလို့တဲ့၊ လူငယ်တွေကို လမ်းဘေးက လယ်ကွင်းနားမှာ ဒူးတွေထောက်ပြီး လက်မြှောက် ခိုင်းထားတယ်၊ စစ်သားတစ်ယောက်ကလည်း မူးနေတာ” ဟု သူကပြောသည်။
ဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် စစ်ကားတစ်စီး၊ ရဲကားများအပြင် အိမ်စီးကားများနှင့် သေနတ်ကိုင်ထားသည့် အရပ်ဝတ်များလည်းပါဝင်သည်ဟု သူက ဆက်ပြောသည်။
ဖမ်းခံထားရသည့် လူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးသည့် အကြောင်း အရာကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးပါ။

ယခု အချိန်တွင် အဆိုပါ လူငယ် ၁၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စခန်းရှိရာသို့ ခေါ်ဆောင်သွားကြောင်း သိရသော်လည်း The 74 Media မှ သိခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ