ကန်ပိုင်တီနယ်စပ်တွင် မြန်မာဘက်သို့ အသိပေးခြင်းမရှိဘဲ တရုတ်နိုင်ငံက ခြံစည်းရိုးခတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့နယ် မြန်မာ-တရုတ်နယ်စပ်တွင် တရုတ်နိုင်ငံက မြန်မာအာဏာပိုင်များကို အသိပေးခြင်းမရှိဘဲ ပေ(၂၀) ခန့်မြင့်မားသည့် နယ်စပ်ခြံစည်းရိုးခတ်လိုက်ကြောင်း သိရသည်။

ကန်ပိုင်တီနယ်စပ်တွင် မြန်မာဘက်သို့ အသိပေးခြင်းမရှိဘဲ တရုတ်နိုင်ငံက ခြံစည်းရိုးခတ်

 

ကန်ပိုင်တီပြည်သူ့စစ်အဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူးကို အသိပေးမှုကြောင့် သွားရောက်စစ်ဆေးကြည့်ရာ ခြံစည်းရိုးခတ်ထားသည်ကို မြင်တွေ့ခဲ့ရကြောင်း အမည်မဖော်လိုသော သတင်းအရင်းမြစ်တစ်ဦးက The 74 Media ကို ပြောသည်။

“ဟိုတစ်နေ့တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးလည်းသွားကြည့်သေးတယ်။ လူသွားလို့ရတဲ့နေရာတွေအားလုံးကာထားတာ။ အုတ်တံတိုင်းတစ်ဝက်နဲ့ သံပန်းသံတိုင်တွေနဲ့ စပယ်ရှယ် ခြံစည်းရိုး ခတ်ထားတာ ကိုယ်တိုင်တွေ့တယ်။ တော်တော်မြင့်တယ် တော်တော်ရှည်တယ်” ဟု ပြောသည်။

တရုတ်နိုင်ငံဘက်မှ ခတ်လိုက်သော ခြံစည်းရိုးသည် နယ်ခြားမှတ်တိုင် အမှတ်(၄)မှ အမှတ်(၃)ဘက်သို့ ပေ ၅၀၀ ခန့်ရှည့်လျားပြီး အမြင့်ပေ ၂၀ ခန့်ရှိသော ပလိပ်ဓါးအပါ သံဆူးကြိုးခွေပတ်ထားသည့် ခြံစည်းရိုးဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းပြင်းထန်လာသည့်အတွက် တရုတ်နိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်သူမရှိစေရန်နှင့် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရန်အတွက် ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စတင်ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံသို့ အသိပေးခြင်းမရှိဘဲ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ခဲ့မှုကို ဖျက်သိမ်းပေးရန် ကန့်ကွက်သွားမည်ဖြစ်ကြောင်း ကန်ပိုင်တီအုပ်ချုပ်ရေးမှုးရုံးစာအရ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ