မိုးမောက်

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ယနေ့ည ၉ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်‌ေရးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူးသည် ယနေ့ည ရပ်ကွက်အုပ်ချုပ်‌ေရးမှူးများနှင့်တွေ့ဆုံပြီး အပြန်တွင် သေနတ်ပစ်ခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” အချက် ၂၀ မကဘူး သေနတ်သံက ဆက်တိုက်ပဲ။ ဒီည ရပ်ကွက်အုပ်ချုပ်‌ေရးမှူးတွေ စုပြီးစားသောက်ကြတယ် ကြေးနန်းရပ်ကွက်အုပ်ခ‌ျုပ်‌ေရးမှူး လိုက်ပို့တယ်လို့ပြောတယ် အဲ့လမ်းမှာ လိုက်ပစ်ခံရတာတဲ့။ အခု မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက် ထိထားတယ်” ဟုသူကပြောသည်။
မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် ယခင် ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက် မေလတွင် မိုးမောက်မြို့နယ်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ကြောင်း သူကဆက်ပြောသည်။

ကျည်ထိမှန်ခဲ့သည့် မြို့နယ်အုပ်ချုပ်ရေးမှူးကို အိမ်စီးကားဖြင့် ဗန်းမော်သို့ ခေါ်သွားပြီဖြစ်ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ