ကေအိုင်အေလက်နက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ၌ ယနေ့ မွန်းလွှဲ ၂နာရီခွဲမှ ၃ နာရီခွဲချိန်ထိ ကချင်လွတ်‌မြောက်ရေးတပ် (KIA) နှင့်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကုန်းလောကျေးရွာ၏ ရွာအဝင် ဘုန်းကြီးကျောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းသည်ဟု အမည်မဖော်လိုသည့် ကုန်းလောဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရွာရှေ့မှာ တောရကျောင်းတိုက် ဘုန်းကြီးကျောင်းရှိတယ် အဲ့နားတစ်ဝိုက်မှာဟုတ်တယ် အသံတွေကြားနေရတော့။ သေနတ်သံကတော့ ဆက်တိုက်ပဲ လက်နက်ကြီးသံကဆယ်ချက်မကဘူး။ တိုက်ပွဲမဖြစ်ခင် မြို့သစ်ဘက်က စစ်ကား ၁၅ စီးတောင်မကလောက်ဘူး အဲလောက်နဲ့ လမ်းလျှောက် စစ်သား ၁၀ ယောက်လောက်တော့ ကုန်းလောဘက်တက်သွားတာ မြင်လိုက်တယ်တဲ့” ဟုသူက ပြောသည်။

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ဇူလိုင် ၁၁ ရက်နေ့ည၌ စစ်ကောင်စီတပ်များ ကေအိုင်အေ ရှိရာသို့ လက်နက်ကြီးများပစ်ခတ်ရာ ရွာအတွင်း လက်နက်ကြီးကျ၍ လူနေအိမ်တချို့နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ