ဗန်းမော်မြို့နယ်ရှိ ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာမှ လူငယ်တစ်ဦး ယနေ့နံနက် ၇ နာရီခန့်က ကိုဗစ်လက္ခဏာဖြင့် သေဆုံးခဲ့ပြီး ဂေဟာအတွင်းနေထိုင်သူများ ကိုဗစ်ပိုးစစ်ဆေးရန် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဗန်းမော်မြို့နယ်ရှိ ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာ

ပိုးတွေ့ သုံးဦးနှင့် ဖျားနေသူ ၃၀ ရှိပြီး သေဆုံးသူသည် ကိုဗစ် လက္ခဏာဖြင့်သေဆုံးခဲ့သောကြောင့် ဂေဟာမှ ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်၁၉ ပိုးစစ်ဆေးရန် ငွေကြေး ခက်ခဲနေသည်ဟု ဂေဟာမှူးက The 74 Media ကိုပြောသည်။
“မနေ့ကစစ်တဲ့ ကျွန်တော်တို့ ၃ ယောက်ပဲစစ်ရသေးတယ် ပိုးတွေ့တယ်။ အားလုံးစစ်ဖို့ကြတော့ တစ်ခါစစ်ရင် သောင်းဂဏာန်းကုန်တယ်ပြောလို့ လူမှုကူညီရေးအသင်းတစ်ခုကိုတော့ ကျွန်တော်တို့ရောဂါစစ်ဖို့ အခက်အခဲဖြစ်နေတဲ့အကြောင်း ပြောပြပြီးအကူညီတောင်းထားတယ်။ သူတို့ဘက်ကလည်း ကြိုးစားကြည့်ရအောင်တော့ပြောတယ်။ ဆေးစစ်ရဖို့တော့ အဖြေမရသေးဘူး။” ဟုသူကပြောသည်။
ပိုးတွေ့သုံးဦးရှိသောကြောင့် ကွယ်လွန်သွားသော လူငယ်ကို ပိုးစစ်ဆေးမှုမပြုလုပ်နိုင်ခဲ့သော်လည်း ကိုဗစ်ဖြစ်နိုင်သည်ဟု ယူဆကြောင်းသူကဆက်ပြောသည်။
ဂေဟာမှ ‌ဂေဟာမှူး၊ သူ၏အမျိုးသမီး(ကိုယ်ဝန်ဆောင်မိခင်) နှင့် ကျောင်းသားတစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိထားခြင်းဖြစ်သည်။
လက်ရှိအချိန် ဂေဟာရှိ ကလေးများအားရှိစေမည့် အစားအသောက်များ လိုအပ်နေကြောင်း သိရသည်။

ရောဘတ်နှစ်ခြင်းခရစ်ယာန် မိဘမဲ့ဂေဟာတွင် အငယ်ဆုံး အသက် ၈ နှစ်အရွယ်ဖြစ်ပြီး ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၇၂ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ