မြစ်ကြီးနားတွင် ကျပ်ငွေ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဇူလိုင်လ ၃၀ ရက်နေ့က ကာလတန်ဖိုး ကျပ်ငွေ ၂ ဘီလီယံကျော်ဖိုး ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြစ်ကြီးနားတွင် ကျပ်ငွေ ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

 

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံမြောက်နယ်မြေ၊ လမ်းသွယ် ၂ လမ်းရှိ ထွန်းငြိမ်းဝင်း၏ နေအိမ်တွင် ယင်းနှင့်အတူ ကျော်မျိုးထွန်း နှင့် မိုးကျော်သူတို့ သုံးဦးထံမှ CANTER အမျိုးအစား ကွန်တိန်နာမော်တော်ယာဉ်အတွင်းမှ ဆပ်ပြာခွက် ၃၄၁ဝ ခွက်ဖြင့်ထည့်ထားသော ကာလတန်ဖိုး ကျပ်ငွေ ၂ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၃၄ ဒသမ ၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှတစ်ဆင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် တရားခံသုံးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပေဒေအရဥပဒေ နှင့် အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်စစ်ဆေးထုတ်ဖော်လျက်ရှိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ