စစ်ကောင်စီစခန်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ စီးဒီယံကျေးရွာတွင် ယနေ့ နံနက် အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

မရန်ကထောင်အနီး စီးဒီယံကျေးရွာ၌ ယနေ့ နံနက် ၄ နာရီခန့်က ကေအိုင်အေတပ်မှ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၄ ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းမီးသွားရှို့တဲ့အချိန် စစ်တပ်ဘက်က ၄ ယောက်ကို ပစ်သတ်လိုက်တာတဲ့၊ အဲ့မှာ ၂ ယောက်က အခြေအနေဆိုးလို့ ဆေးရုံပို့လိုက်ပြီတဲ့ ဘယ်ဆေးရုံလည်းတော့ မသိဘူး သေဖို့ပိုများတယ်၊ ကေအိုင်အေတွေက မနက်စောစောကနေ စစ်တပ်စခန်းကို မီးရှို့ဖျက်စီးထားပြီး ပစ်ပြီး ပြန်သွားပြီ လက်နက်တွေလည်း ရလိုက်တယ်ကြားတယ်” ဟု သူကပြောသည်။
နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေချိန် ရွာ အနီးရှိ စစ်ကောင်စီတပ်မှ အင်အားဖြည့်တက်ူမှုများပြုလုပ်ခဲ့ပြီး ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်ထိ စ.က.ခ ( ၃) မှလည်း လက်နက်ကြီးများ ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သူကဆက်ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားနေချိန် နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ပြည်သူများကလည်း စီးဒီယန်ရွာသို့ ပြန်နေပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီနှင့်KIA အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေချိန် ဒေသခံပြည်သူအသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ