ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မန့်မိုင်ကျေးရွာ အနီးတွင် ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ၊ ည ၈ နာရီ ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီးနှင့် လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက် ကြားနေရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ပြောပါတယ်။

“မိနစ် ၅၀ လောက်ရှိတယ် အသံတွေ ဆက်တိုက် အချက်အများကြီး ကြားနေရတယ်၊သေနတ်ရော လက်နက်ကြီးရော ပါတယ်
ကောင်းမူတုံ ဘက်ပြောတယ်၊ အတိအကျတော့ မသိဘူး ပုန်းနေရတယ်”ဟု သူကပြောသည်။
မြို့အတွင်းတွင် ပစ်ခတ်သံများ တစ်နာရီနီးပါး ကြားရပြီး ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် တိုက်နေခြင်း ဖြစ်နိုင်သည်ဟု သူကဆက်ပြောသည်

မူဆယ်မြို့နယ်တွင် KIA, TNLA, MNDAA တို့နှင့်စစ်ကောင်စီတပ်တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ