ကေအိုင်အေ 12

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်နှင့် နန့်စီးအောင်ကျေးရွာကြားတွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တို့ တက်လာသော စစ်ကောင်စီတပ်၏ ယာဉ်တန်းကို ကေအိုင်အေ တပ်မဟာ ၈၊ အမှတ် ၃၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် နောင်ဖိုင်ကျေးရွာအထက်တွင် ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် MNDAA တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

မုံးကိုးမြို့နယ် ဖောင်းဆိုင်တွင် လွန်ခဲ့သော ရက်သတ္တပါတ်မှ စတင်ကာ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသောကြောင့် MNDAA က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ