ချီဖွေမြို့

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ဇူလိုင်၁၄ ရက်နေ့က ပိုးတွေ့ခဲ့သည့် ဆီဘောက်ဆာ ယာဉ်မောင်းမှ တစ်ဆင့် ပန်ဝါမြို့တွင် နေထိုင်သည့် ထိစပ်သူ ခုနှစ်ဦးတွင် ပိုးထပ်မံတွေ့ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ ဆီဘောက်ဆာယာဉ်မောင်းတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့သောကြောင့် မြို့နယ်အတွင်းရှိ ယာဉ်မောင်းများ အသွားအလာများသည့် နေရာများကို စစ်ဆေးခဲ့ရာမှ အနှိပ်သည် ခုနှစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဆီဘောက်ဆာကလူ ပိုးတွေ့တော့ သူတို့အသွားအလားများတဲ့ နေရာတွေကို စစ်တာ အနှိပ်ခန်းက အနှိပ်သည် ခုနှစ်ယောက်မှာပိုးတွေ့တာ။ ပိုးက အနှိပ်သည်ဆီကူးပြီး အနှိပ်သည်ကနေ တစ်ဆင့် မိသားစုဝင်တွေဆီကူးပြီး ပျံ့သွားတာ” ဟုသူကပြောသည်။
စစ်ကောင်စီလက်အောက်ခံ ပန်ဝါဒေသ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးတွင်လည်း ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှင့် ပတ်သက်ပြီး “သတင်းကမြှုပ်ထားတာ ဘယ်သူ့ကိုမှ မပြောပြခိုင်းဘူး လိုင်းမှာတွေ မတင်ခိုင်းဘူး ပြောပြတဲ့သူရှိရင် ပြည်သူ့စစ်တွေလာပြီး စစ်ဆေးပြီး ကြီးလေးတဲ့ ပြစ်ဒဏ်ပေးမယ် ထောင်ချမယ်လို့ပြောတယ်” ဟု သူကဆက်ပြောသည်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ ဆေးကုသမှုခံယူနေသည့် ကိုဗစ်၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၁၇ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ