တနိုင်းမြို့နယ် ခလုံးကျေးရွာ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ခလုံးကျေးရွာတွင် ဇူလိုင် ၂၂ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့အတည်ပြုလူနာ အမျိုးသမီး ၂ ဦး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့လူနာ အသက် ၁၃ နှစ်နှင့် ၁၄ နှစ် အရွယ် အမျိုးသမီးနှစ်ဦးသည် နှာစေး၊ ချောင်းဆိုးဖြစ်နေသောကြောင့် စစ်ဆေးခဲ့ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ခုမှ စတွေ့တာပေါ့ သူတို့က အိမ်မှာ မဟုတ်ပဲနဲ့ ဈေးရောင်းနေကြတာ နှာစေး၊ ချောင်းဆိုး ခေါင်းကိုက်တာ တစ်ပတ်ကျော်သွားပြီ ရိုးရိုးဖျားတယ် နာတယ်ပဲ ထင်ခဲ့တာ၊ စစ်တဲ့ဟာက ကြိုဝယ်ထားတာ ရှိတယ် အဲ့တာနဲ့ ကျန်းမာရေးဆေးခန်းမှာ စစ်လိုက်တာ ပိုးတွေ့တာ လောလောဆယ်တော့ လောခ့်ဒေါင်းချထားတာ” ဟု သူကပြောသည်။
ခလုံကျေးရွာရှိ ကျန်းမာရေးဌာန၌ ဆေးဆရာမ တစ်ဦးသာရှိပြီး ပိုးတွေ့လူနာသည် ခရီးသွားရာဇဝင်မရှိဘဲ ရွာလယ်တွင် ကုန်စုံဆိုင်ဖွင့်ထားသူများ ဖြစ်သောကြောင့် စိုးရိမ်ကြောင်း သူကဆက်ပြောသည်။
“ဈေးရောင်းတာ သူတို့က ရွာလည်ခေါင်က ဆိုင်ဆိုတော့ နည်းနည်းစိုးရိမ်ရမှာပေါ့ ကုန်စုံဆိုင်ပုံစံပေါ့ ၊ တာဝန်ကျတဲ့ ဆေးဆရာမက စစ်ပေးတာပေါ့၊ ဌာနဆိုင်ရာက ဆောင်ရွက်ပေးတာတွေ မရှိဘူး၊ လူမှုကူညီရေးအသင်းတွေလည်း မရှိဘူး၊ အစိုးရကနေတော့ စီစဉ်ပေးနိုင်တဲ့ အလားအလာမရှိလောက်ဘူး ၊ မြို့အဝင်အထွက် စစ်ဆေးတာတွေလည်း မရှိဘူး” ဟုသူကပြောသည်။
ပိုးတွေ့လူနာ နှစ်ဦးနဲ့ ထိစပ်သူ ၇ ဦးကို စစ်ဆေးမှုများပြုခဲ့ပြီး ကိုဗစ်၁၉ ပိုး မတွေ့ရှိကြောင်းသိရသည်။

တနိုင်းမြို့နယ်မှ ခလုံကျေးရွာသည် ကိုဗစ်၁၉ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ပိုးတွေ့ မရှိခဲ့သော ဒေသတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ