မုံးကိုးမြို့

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့၊ ပန်ဆိုင်းကျေးရွာနှင့် နမ့်ဟိုးကျေးရွာကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကိုးကန့်(MNDAA) တပ်ဖွဲ့ဝင်များက ယနေ့ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ့်ဟိုးကျေးရွာတွင် စစ်ကောင်စီတပ် ခမရ (၃၁၅) နှင့် ခလရ (၂၉) တို့၏ ပူးပေါင်းတပ်တို့သည် တပ်စခန်းချထားသောကြောင့် MNDD တပ်မှ လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၂၀ ရက်နေ့ ည ၉ နာရီအချိန်၌လည်း ကောင်းဝိုင်းကျေးရွာအနီး၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ပြည်သူ့စစ်များ၏ ကားဖြင့် လက်နက်ရိက္ခာနှင့် စစ်အင်အားတိုးချဲ့လာသော ယာဉ်တန်းကို MNDAA မှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များမှ ထိခိုက်မှုရှိကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များမှ လက်နက်ရိက္ခာနှင့် စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ