ပူတာအို

ကချင်ပြည်နယ် ပူတာမြို့နယ်ရှိ ကောင်ကထောင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦး သည် ဇူလိုင်လ ၂၀ ရက်နေ့ ည ၉နာရီ ၄၅ မိနစ်အချိန် ကိုဗစ်ရောဂါဖြင့် သေဆုံးသွားကြောင်းသိရသည်။

ပူတာမြို့နယ် ကောင်ကထောင်ရပ်ကွက်တွင် နေထိုင်သော အသက် ၄၀ အရွယ် အမျိုးသမီးသည် အသက်ရှုကြပ်သဖြင့် စစ်ဆေးရာ ကိုဗစ်၁၉ ပိုးတွေ့ရှိပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံက The 74 Mediaကိုပြောသည်။

“မနေ့ကညနေဘဲ အသက်ရှူကြပ်လို့ သွားစစ်တာ p တဲ့ ညရောက်တော့ ဆုံးပြီ တဲ့ သွေးတိုး ရောဂါ အခံ လဲ ရှိတော့ ဆီးချို လည်းတက်” ဟုသူကပြောသည်။

သေဆုံးလူနာအမျိုးသမီးသည် ကလေးအရုပ်ဆိုင်ဖွင့်ထားသူဖြစ်ပြီး အိမ်ဘေးစက်ချုပ်ဆိုင်မှ အမျိုးသမီးပိုးတွေ့လူနာမှ ကူးစက်ခံရကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ကိုဗစ်၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၀ ဦးရှိသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ