အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းသည် ကိုဗစ်၁၉ ကူးစက်မြန်ရောဂါဖြင့် ယနေ့နံနက် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရပြီး ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရစဉ် ဇူလိုင်လ ၁၁ ရက်နေ့က ကိုဗစ်၁၉ ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသနေစဉ် ကွယ်လွန်သွားခြင်းဖြစ်သည်။
ဦဉာဏ်ဝင်းသည် အမျိုးသားဒီမိုကရေစီပါတီ၏ ဥပေဒေရေးရာ အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။
မွန်ပြည်နယ်‌ ပေါင်မြို့နယ် မဲဆန္ဒနယ် ၁ မှ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့သူတစ်ဦးဖြစ်သည်။
ဦးဉာဏ်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။

Photo Credit – RFA

သင့်ထင်မြင်ချက်ရေးပေးပါ