Photo Credit - Reuters(မအလ)

စစ်ကောင်စီအတွက် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင် လော်ဘီလုပ်ပေးရန်ငှားရမ်းထားသည့် ကုမ္ပဏီက လုပ်အားခမရသဖြင့် လုပ်ငန်းများရပ်နားထားသည်ဟု သိရသည်။

စစ်ကောင်စီက ဒေါ်လာနှစ်သန်းဖြင့် စာချုပ်ချုပ်ဆိုငှားရမ်းထားသည့် ကနေဒါနိုင်ငံအခြေစိုက် Dickens & Madson Canada ကုမ္ပဏီသည် အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဝန်ဆောင်ကြေး သို့မဟုတ် လုပ်အားခမရသဖြင့် စစ်ဗိုလ်ချုပ်များအတွက် လော်ဘီလုပ်ငန်းများကို ရပ်နားထားသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
ကုမ္ပဏီ၏ အဓိကတာဝန်ရှိသူ အစ္စရေး-ကနေဒါနိုင်ငံသား ဘင်မီနာရှေက သူသည် စစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံရေးကောင်းမွန်နေသော်လည်း လုပ်ငန်းများကို ခေတ္တရပ်နားထားသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဝန်ဆောင်ခ မရဘူးလေ။ အခုဆို ကုန်ကျစရိတ်က အရမ်းများလာပြီ” ဟု Foreign Lobby Report ကို အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
စစ်ကောင်စီအတွက် လော်ဘီလုပ်ပေးသည့် ဘင်မီနာရှေ၏ ဆောင်ရွက်မှုဖြင့် CNN သတင်းထောက်တစ်ဦး မြန်မာနိုင်ငံကို ဧပြီလအတွင်း လာရောက်ခဲ့သည်။
ရိုက်တာသတင်းဌာန၏ ‘Myanmar army rulers’ lobbyist in U.S. ceases efforts for lack of pay’ ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
မူရင်းလင့်ခ် – https://reut.rs/3xU0lcx

Photo Credit – Reuters

သင့်ထင်မြင်ချက်ရေးပေးပါ