ပရဟိတအဖွဲ့များကို ရိုက်နှက် ဖမ်းဆီးခဲ့သည့် စစ်ကောင်စီက ကိုဗစ်၁၉ ထိန်းချုပ်၊ ကုသရေးအတွက် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်

စစ်အာဏာသိမ်းသည့် ငါးလတာကာလအတွင်း ပရဟိတအဖွဲ့များကို ရိုက်နှက်ဖမ်းဆီးခဲ့သည့် စစ်ကောင်စီက ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကိုဗစ်၁၉ ထိန်းချုပ်၊ ကုသရေးအတွက် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်လိုက်သည်။

ပရဟိတအဖွဲ့များကို ရိုက်နှက် ဖမ်းဆီးခဲ့သည့် စစ်ကောင်စီက ကိုဗစ်၁၉ ထိန်းချုပ်၊ ကုသရေးအတွက် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်

 

အဆိုပါဖိတ်ခေါ်စာတွင် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာနှင့် နည်းပညာကျွမ်းကျင်သူများအပြင် လူနာသယ်ယူပို့ဆောင်ရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်နိုင်ရန် ဖိတ်ခေါ်ထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပရဟိတအဖွဲ့ဝင်များကို ရိုက်နှက်ခြင်း၊ ကချင်ပြည်နယ်အတွင်း ‘လိုသူယူ၊ ပိုသူလှူ’ အစီအစဉ်ပြုလုပ်ခဲ့သူများကို ဖမ်းဆီးခြင်းအပြင် စစ်ရှောင်ပြည်သူများကို လှူဒါန်းနေသည့် အဖွဲ့များကို အကြောင်းမဲ့ဖမ်းဆီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ