COVID-19 Update

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခတ်ချိုအထက်ပိုင်းတွင် နေထိုင်သော ကိုဗစ်၁၉ ပိုးတွေ့လူနာတစ်ဦး ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဝိုင်းမော်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သိန်းမြို့က ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

သေဆုံးသူသည် သွေးတိုးရောဂါအခံရှိသည့် အသက် ၅၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့ကစတင်ကာ ဝိုင်းမော်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေချိန်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ကိုဗစ်၁၉ တတိယလှိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင် ပိုးတွေ့လူနာ စုစုပေါင်း ၁၁၉ ဦးရှိပြီဖြစ်ပြီး မခန်းတီးကျေးရွာ၊ ကန်ပိုင်တီနှင့် ဝိုင်းမော်မြို့ ရပ်ကွက်(၁) တို့တွင် ပိုးတွေ့လူနာအများဆုံးဖြစ်သည်။

စစ်ကောင်စီ၏ ကျန်းမာရေးဌာန သတင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ် တွင် ဇွန်လ ၂၀ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူပေါင်း ၁၀၆၃ ဦး ရှိပြီး ဇူလိုင်လ ၆ ရက်နေ့က ဝိုင်းမော်မြို့ ဝူယန်ကျေးရွာမှ ကိုဗစ်၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ