Breaking News 47 Media

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ကို ဆက်သွယ်ထား‌ေသာ ဗလမင်းထင်တံတားတွင် ယနေ့ည ၉ နာရီခန့်က လက်နက်ကြီးသံနှင့် သေနတ်သံများ ဆက်တိုက်ကြား‌ေနရ ‌ေကြာင်းသိရသည်။

ပစ်ခတ်သံသည် တစ်ဖက်တည်းမှ ပစ်ခတ်‌ေနသည့် သေနတ်သံဖြစ်သည်ဟု မိုင်းနားကျေးရွာနေ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီညရော သေနတ်သံကြားနေရတယ်။ လက်နက်ကြီးတစ်ချက်ကြားတယ်။တိုက်ပွဲတော့ မဟုတ်ဘူးထင်တယ်။ တစ်ဖက်သံပဲကြားရတာဟုတ်တယ်။ တစ်မိနစ် နှစ်မိနစ်ခြားပြီး ပြန်ကြားနေရတယ်။ အချက်ရေများတယ် ဆွဲလိုက် ရပ်လိုက်နဲ့ပစ်တာ ၃ ကြိမ်ရှိပြီ ” ဟုပြောသည်။

ဗလမင်းထင်တံတားတွင် ဇွန်လ ၂၃ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်မှု ရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ