စစ်ကောင်စီတပ်(စကစ)

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ အနီး ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲသံ ကြားရကြောင်းသိရသည်။

စစ်ကောင်စီ၏ ဝိုင်းမော်အခြေစိုက် တပ်ရင်း ၅၈ က ကေအိုင်အေထိန်းချုပ်နယ်မြေဖြစ်သည့် နန်ဇော်ယန်ကျေးရွာသို့ လက်နက်ကြီး ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ဝိုင်းမော် ၅၈ တပ်ကနေ နန်ဇော်ယန်ကျေးရွာကို ပစ်တာဟုတ်တယ်။ ဝါးရှောင်ကနေကြားရတာ တတိယအချက်က အိမ်တောင်လှုပ်တယ်” ဟု သူကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက် ပျက်စီးမှု ရှိ၊ မရှိကို The 74 Media မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဝိုင်းမော် မြို့နယ် မိုင်းနားစုပေါင်းဂိတ်ကို ဇွန်လ ၂၃ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ကေအိုင်အေမှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းများရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ