ဖားကန့်တွင် အမျိုးသမီးတစ်ဦး ကိုဗစ် ၁၉ လက္ခဏာဖြင့် သေဆုံး

ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) သာယာကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦး ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ကိုဗစ် ၁၉ ရောဂါလက္ခဏာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသမီးတစ်ဦး ကိုဗစ် ၁၉ လက္ခဏာဖြင့် သေဆုံး

 

အသက် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ချောင်းဆိုးပြီး ဖျားနေသဖြင့် ဆေးခန်းပြခဲ့သော်လည်း မသက်သာသဖြင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေချိန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူကို လိုက်ပါကူညီပေးခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူက ၂၉ ရက်နေ့က ဆေးရုံတင်တာ၊ စောစောကတော့ သူက အပြင်ဆေးခန်းမှာ ပြနေတယ်ပြောတယ် လုံးဝ မသက်သာမှ ဆေးရုံရောက်လာတယ်တဲ့၊ အောက်စီဂျင်ပေးတာကိုမှ နံပါတ် ၅-၆ ပေးတာကို လုံးဝ အသက်ရှူမရဘူး အသက်ရှူကြပ်ပြီးဆုံးသွားတယ်” ဟု သူကပြောသည်။
သေဆုံးသူသည် ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ဆေးကုသပေးခဲ့သည့် ဆရာဝန်မှ အတည်ပြုပြောကြားကြောင်း သူကဆက်ပြောသည်။
ဆိပ်မူ သုဿန်တွင် သေဆုံးသူ အမျိုးသမီးကို ယနေ့ နံနက် ၁၁ နာရီခန့်က မီးရှို့ သင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ၂၀၂၀ မေလမှ ၂၀၂၁ ဖေဖော်ဝါရီ လထိကိုဗစ် ၁၉ ပိုးတွေ့လူနာ ( ၆၁၄) ဦးရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ