အမြှင့်ဆုံးထီဆုကို သိန်းငါးထောင်အဖြစ် စစ်ကောင်စီသတ်မှတ်

မေလ ၁ ရက်နေ့တွင်ကျင်းပမည့် ၂၆ ကြိမ်မြောက် ထီဖွင့်ပွဲတွင် အမြင့်ဆုံး သိန်းငါးထောင်ဆုသာ ချီးမြှင့်တော့မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ကြေညာလိုက်သည်။

ဖေဖော်ဝါရီလမှစတင်ကာ ထီလက်မှတ် ကံစမ်းသူနှုန်း ကျဆင်းခဲ့ခြင်းကြောင့် ၂၆ ကြိမ်မြောက်ထီဖွင့်ပွဲတွင် အမြင့်ဆုံးဆု သိန်းတစ်သောင်းခွဲအစား သိန်းငါးထောင်ဆုသာ ပေးအပ်နိုင်ခြင်းဖြစ်သည်။
အထူးဆုကြီးအနေဖြင့် ကျပ်သိန်းငါးထောင်ဆု ၁ ဆု၊ ကျပ်သိန်းထောင်ဆု ၁ ဆု၊ ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာဆု၊ ကျပ်သိန်းနှစ်ရာဆု၊ ကျပ်သိန်းငါးဆယ်ဆုနှင့် ကျပ်သိန်းနှစ်ဆယ်ဆုတို့ကို ၄ ဆုစီ၊ ကျပ်သိန်းတစ်ရာ နှင့် ဆယ်သိန်းဆုတို့ကို ၅ ဆုစီချီးမြင့်သွားမည်ဖြစ်ဖြစ်ပြီး ကျပ်သုံးသိန်းဆု ၃၀ဆု၊ နှစ်သိန်းဆု ၃၀၀ဆုနှင့် တစ်သိန်းဆု ၂၀၀၀ဆုတို့ကို ဝေဝေဆာဆာဆာပဒေသာဆုမဲစနစ်ဖြင့် ချီးမြင့်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

၂၆ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို မေလ ၁ ရက်နေ့၊ နံနက် ၈ နာရီတွင် ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ