မြစ်ကြီးနားလေတပ်စခန်းအနီး ညအချိန် သေနတ်သံ ဗုံးသံအဆက်မပြတ်ကြားရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အလယ်မော်ဖောင်းရပ်ကွက်ရှိ လေတပ်စခန်းအနီးတွင် ယမန်နေ့ ည ၈နာရီဝန်းကျင်မှ စတင်ပြီး ည ၁၁နာရီဝန်းကျင်အထိ ပစ်ခတ်သံများ အဆက်မပြတ်ကြားရသည်ဟု သိရသည်။

ပစ်ခတ်သံများသည် တိုက်ပွဲကြောင့် ပစ်ခတ်မှုမျိုးမဟုတ်ဘဲ တစ်ဖက်တည်းကသာပစ်ခတ်သံမျိုးဖြစ်သည်ဟု ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“ည ၈ နာရီလောက်ကတည်းကကြားနေရပြီ။ အစက သုံးလေးချက်အရင်ကြားတာ။ ၉နာရီ ၁၀နာရီလောက်ကျတော့ အသံတွေကပိုကြားလာတယ်။သေနတ်သံ၊ ဗုံးသံနဲ့ အမြှောက်သံတောင်ကြားတယ်။ လေတပ်ဘက်က သူတို့ဘာသာကြောက်ပြီးပစ်နေတာထင်တယ်။ ဘယ်ကိုပစ်တာလဲတော့မသိဘူး။ ဆက်တိုက်ပစ်လိုက် နားလိုက်နဲ့ သုံးကြိမ်လောက်ရှိပြီ။ တစ်ဖက်တည်းကပစ်တဲ့အသံဟုတ်တယ်။ တိုက်ပွဲပုံစံပစ်ခတ်နေကြတာတော့ မဟုတ်ဘူး”ဟု ပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် လူအထိအခိုက်ရှိမရှိမသိရသော်လည်း ရွာသားများအနေဖြင့် ကြောက်လန့်နေကြရပြီး ရွေ့ပြောင်းနေထိုင်ကြဖို့အထိစီစဉ်နေကြသည်ဟုသူကဆက်ပြောသည်။

အဆိုပါအလယ်မော်ဖောင်းတွင် လွန်ခဲ့သည့် ၁၇ ရက်နေ့က လက်နက်ကြီးကျသဖြင့် ဒေသခံတစ်ဦးဒဏ်ရာရရှိကာ ယနေ့အချိန်ထိ ဆေးကုသမှုခံယူနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ