နိုင်ငံတကာဓါတ်ပုံပြိုင်ပွဲတွင် ကချင်ဓါတ်ပုံဆရာခွန်လတ် ဒုတိယဆုရ

နိုင်ငံတကာဓာတ်ပုံပြိုင်ပွဲတစ်ခုဖြစ်သည့် World Press Photo ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကချင်ဓာတ်ပုံဆရာခွန်လတ်၏ ဖားကန့်ဒေသအခြေအနေကို မီးမှောင်းထိုးပြသည့် Temple and Half-Mountain အမည်ရ ဓါတ်ပုံ ဒုတိယဆုရရှိခဲ့သည်။

နိုင်ငံတကာဓါတ်ပုံပြိုင်ပွဲတွင် ကချင်ဓါတ်ပုံဆရာခွန်လတ် ဒုတိယဆုရ

 

​ကျောက်စိမ်းကုမ္ပဏီများ၏ တူး​ဖော်မှု​ကြောင့် ​​​​တစ်ခြမ်းသာရှိ​တော့သည့် ​တောင်​တွင် ​စေတီတစ်ဆူကို မြင်​တွေ့​နေရ​သောဓါတ်ပုံသည် ဖားကန့်​​ဒေသ၏ အ​ခြေအ​နေကို ​ဖော်ပြ​နေ​သော သ​ဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ ဓါတ်ပုံအမျိုးအစားဖြစ်သည်။
“ကျွန်တော်တို့ လူသားမျိုးနွယ်တွေ ‘ရှားပါး တန်ဖိုးရှိတယ်’ လို့ သတ်မှတ်ပြီး ကမ္ဘာကြီးကို သဘာဝသယံဇာတ၊ ပိုက်ဆံနဲ့ အာဏာအတွက် ဖျက်ဆီးပစ်ကြတာကို ဒီဓာတ်ပုံက ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ဘာကြောင့်ထိန်းသိမ်းနေရတယ်ဆိုတာကို မေးခွန်းထုတ်စေတယ်။ ဒီပုံဟာ အနာဂတ်မျိုးဆက်တွေအတွက် ဘယ်လိုအရာမျိုးချန်ထားပေးသလဲဆိုတာကို ပုံဖော်ပေးထားတယ်” ဟု အဆိုပါဓါတ်ပုံပြိုင်၏ အကဲဖြတ်ဒိုင်ချုပ်ဖြစ်သူ NayanTara Gurung Kakshapati ကဆိုသည်။
ကိုခွန်လတ်သည် မြန်မာနိုင်ငံဓါတ်ပုံဆရာများတွင် ပထမဦးဆုံး World Press Photo ဓါတ်ပုံပြိုင်ပွဲတွင် ဆုရသူဖြစ်ခဲ့သည်။
World Press Photo ဓါတ်ပုံပြိုင်ပွဲတွင် ဆုရရှိ​သောဓာတ်ပုံဆရာများအား နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် ဆုပေးပွဲအစီအစဉ် ကျင်းပလေ့ရှိကြောင်း သိရသည်။

ပထမဆုရရှိ​သော ဓါတ်ပုံမှာ ဒိန်းမတ်နိုင်ငံသား Mads Nissen၏ “ပထမဆုံး​ပွေ့ဖက်ခြင်း” ဟုသည့် Covid 19 ​ကပ်​ရောဂါ​ကြောင့် လူသားများ၏ ​ပြောင်းလဲသွား​သော ဘဝကို​ဖော်ပြ​နေ​သော ဓါတ်ပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ