မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီ၏ လူသစ်စုဆောင်းရေးတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်သတိပေးကြောင်း NBPDF မြို့ပြပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ညက သတင်းထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက အသက် ၁၈ နှစ်အထက် အမျိုးသား၊ အမျိုးသမီးအားလုံး စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးမှူးများက စာရင်းကောက်ယူမှုများပြုလုပ်နေသောကြောင့် ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း NBPDF တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေက ဝင်ပြီးတော့ စာရင်းကောက်တဲ့ပုံစံကြားနေရတာ၊ တချို့ စစ်ကောင်စီဘက်က အသွင်ယူပြီးတော့ အုပ်ချုပ်ရေးမှူးလုပ်နေတာရှိတယ်။ အဲဒီလိုမျိုးတွေ ဆက်လုပ်နေမယ်ဆိုရင် အုပ်ချုပ်ရေးမှူးတွေကို အရေးယူတာတွေလုပ်သွားမယ်ပေါ့” ဟုဆိုသည်။

အုပ်ချုပ်ရေးမှူးများအား ထိရောက်စွာအပြစ်ပေးမည် ဖြစ်ပါသောကြောင့် လူသားချင်းစာနာမှုကိုအလေးထား၍ ကြိုတင်သတိပေးလိုက်ခြင်းဖြစ်သည်ဟုထည့်သွင်းရေးသားထာသည်။

စစ်ကောင်စီက အသက်အရွယ်ပြည့်သည့် နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်ဝင်ကြောင်း ပြီးခဲ့သည့် ဖော်ဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ