တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့ နံနက် ၂ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် နေအိမ်ငါးလုံးထိခိုက်ပျက်စီးသွားကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုန်ပြန်ထားသည်။

လွယ်အွမ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ပျက်စီးသွားခြင်းဖြစ်ပြီး ဒေသခံပြည်သူများမှာ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေသောကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ မိုင်းငေါ့တပ်စခန်းမှ ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအတွင်းသို့ ယနေ့ မွှန်းလွဲ ၁၂ နာရီခွဲအချိန်မှစတင်ကာ ညနေပိုင်းအချိန်ထိ လက်နက်ကြီးကိုးကြိမ်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူဆယ်မြို့၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် အရပ်သားပြည်သူ ၁၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – PSLF/TNLA သတင်းနှင့် ပြန်ကြားရေး

သင့်ထင်မြင်ချက်ရေးပေးပါ