ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာ၊ ဆိုင်းတောင်တံတားထိပ်တွင် ယနေ့နံနက် ၉နာရီခွဲအချိန်က ရာအိမ်မှူးတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နှစ်ရက်အတွင်း ဒုတိယမြောက်ပစ်သတ်ခံရသူဖြစ်ပြီး ဆိုင်းတောင်တံတားထိပ်တွင် ဆိုင်ကယ်မောင်းနေစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်းတောင်တံတားထိပ်မှာ ပစ်ခံရတာ၊ နားထင်ကို နှစ်ချက်ပစ်သွားတာ၊ ဒလန်လို့ပြောကြတယ်၊ ခုရင်ခွဲရုံပို့နေပြီ” ဟု ပြောသည်။

သေဆုံးသူသည် ဆိုင်းတောင်ရပ်ကွက်(၁)မှ ရာအိမ်မှူးဖြစ်ပြီး အသက် ၅၄ နှစ်အရွယ် နဂါးလေးဝင်းနိုင် ဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ မရှီကထောင်ရက်ကွက်တွင် ယမန်နေ့ ည ၇ နာရီခွဲအချိန်က ပျူစောထီးခေါင်းဆောင်တစ်ဦးဟုဆိုသည့် စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ