ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်စခန်းကို နိုဝင်ဘာ၄ ရက်နေ့ နံနက် သုံးနာရီ အချိန်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဝူယန်ကျေးရွာရှိ လီဆူပြည်သူ့စစ်စခန်းအား ယနေ့နံနက် တွင် လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်မှုရှိပြီး လက်နက်ငယ်များလည်း ပစ်ခတ်မှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးလည်း ပစ်တယ် ဘယ်လောက်ပစ်တယ်တော့ အတိအကျ မမှတ်မိဘူး သေနတ်လည်းပစ်တယ်” ဟုသူကပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ဝူယန်ဒေသခံ အမျိုးသမီးတစ်ဦး ကျောဘက်တွင် လက်နက်ကြီ စ ထိမှန်ခဲ့သည်ဟု သိရပြီး အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲကြောင့်ထွက်ပေါ်လာသည့် သေနတ်ပစ်ခတ်သံများကို ဝိုင်းမော်မြို့ထဲကပင် ကြားရကြောင်း သာဂရ ဒေသခံတစ်ဦးက ပြောသည်။

“မနက်စောစော သေနတ်သံကြားတယ် အချက် ၂၀ ဝန်းကျင်လောက် နည်းနည်းတော့ ဝေးတယ် အသံက” ဟုသူကပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ ဌာနေပြည်သူ့စစ်စခန်းကို ဝူယန်နံနက်ဈေး အုပ်ချုပ်ရေးမှူးရုံးအရှေ့တွင် ဆောက်လုပ်လျက်ရှိပြီး ဒေသခံများကလီဆူပြည်သူ့စစ်စခန်းဟု ခေါ်ဆိုကြ သိရသည်။

ပုံ/ ရှေ့တန်းတစ်နေရာမှ ကေအိုင်အေ စစ်သည်တစ်ဦး။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ