ပြည်သူများဆန်လျှော့စားရန် စစ်ခေါင်းဆောင်က နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အာဏာသိမ်းးမှု (၉) လပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် မိရိုးဖလာအားဖြင့် ဆန်ကို အဓိကစားသုံးကြသဖြင့် တစ်နေ့လျင် နို့ဆီခွက်နှစ်ဘူးခွဲစားသုံးရာမှ ဆယ်ရာခိုင်နှုန်းခန့်လျှော့စားသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“..ဆန်ကိုအဓိကထားပြီးစားတဲ့အတွက် ဆန်ကရတဲ့ အာဟာရကတော့ ပိုပြီးရှိပါတယ်။ သို့သော်လည်းပဲ ဗိုက်ဝဖို့ကို အဓိကဆိုပြီးစားတဲ့အတွက်ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ မရတာတွေရှိတယ်..”

“..သာမန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လယ်နို့ဆီဘူး တစ်ဘူးစီလောက်စားပါတယ်။ မနက်စောစောမှာလည်း ဘူးတစ်ဝက်လောက်စားတဲ့အတွက်ကြောင့် နှစ်ဘူးခွဲလောက်ကုန်တာကို ကျွန်တော်တို့ တွေ့ရပါတယ် … ဒါကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပြီးတော့မှ စားသုံးကြည့်တဲ့အခါမှာ တော်တော်အကျိုးရှိတာကို တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

မိန့်ခွန်းတွင် ဆီစားသုံးမှုကို လျှော့ချရန်လည်း သူက ထည့်သွင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းနှင့်ပတ်သက်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ မြှင့်တက်လျက်ရှိပြီး အများစုမှာ ရယ်ရွှင်ဖွယ်တစ်ခုအဖြစ် မျှဝေနေကြသည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ