ဆိပ်မူကျေးရွာအုပ်စု နတ်ကြီးစင်အနီး အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၅ နာရီခန့်က အမည်မသိအမျိုးသားတစ်ဦး ရိုက်နက်သတ်ဖြတ်ခံရကြောင်း သိရသည်။

ရိုက်နက်သတ်ဖြတ်ခံရသည့် အမျိုးသားသည် မည်သည့်အချိန်တွင် သေဆုံးခဲ့သည်ကို မသိရှိရဘဲ ဆေးစစ်ချက်ရယူ၍ သင်္ဂြိုလ်လိုက်ခြင်းဖြစ်သည်ဟု လိုက်လံကူညီပေးနေသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်ကမှန်းလဲ မသိဘူး၊ ဘယ်ချိန်လောက်က သေနေမှန်းမသိဘူး၊ သေသွားပြီလို့ အကြောင်းကြားလာလို့ ရဲတွေ လှမ်းအကြောင်းကြားပြီး ဆေးရုံသွားပို့တယ်။ ဆေးစစ်ချက်ယူပြီးတာနဲ့ သင်္ဂြိုလ် ပေးလိုက်တယ်” ဟု သူကပြောသည်။

သေဆုံးသူသည် မျက်နှာတစ်ခြမ်းပိန့်နေပြီး ခေါင်းတွင်လည်း ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

“ခန္ဓာကိုယ်က အနေတော်ပဲ၊ အသားနည်းနည်းဖြူတယ်၊ လမ်းဘေးမှာပဲ သူ့ပစ္စည်းတွေဘာတွေ ဘာမှ မတွေ့မိဘူး။ ခေါင်းကလည်း ဒဏ်ရာတော်တော်များတယ်၊ မျက်နှာမှာဆိုရင် တစ်ခြမ်းကြီးပိန့်သွားတယ်” ဟု သူကပြောသည်။

ကျောက်စိမ်းတွင်းအများအပြားရှိသည့် ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း လုယက်မှုများ ပိုမိုများပြားလာပြီး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံရသူ တစ်လအတွင်း သုံးဦးရှိပြီဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ