ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီလေးဦးသေဆုံးကြောင်း KNDF ထုတ်ပြန်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီလေးဦးသေဆုံးကြောင်း KNDF ထုတ်ပြန်
ဒီးမော့ဆိုမြို့နယ် (၆) မိုင်ကျေးရွာအနီး တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခြေရာတော်တောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ဖြင့် တဖက်သတ်ပစ်ခတ်မှုများရှိခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ထို့အပြင်တိုက်ပွဲဖြစ်ပွားရာ ဒီးမော့ဆိုမြို့နယ်၊‌ ဒေါပိုးစီနှင့် စံပြ (၆) မိုင်ကျေးရွာ မှ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာ အထိ၊ လွိုင်ကောင်- ဒီမောဆို-ဖရူဆို လမ်းတစ်လျှောက် ညနေ (၆း၀၀) နာရီမှ နံနက် (၆း၀၀) နာရီအထိ ခရီးသွားလာခြင်းမပြုရန် အသိပေးထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက် မူရင်းလင့်ခ် – https://www.facebook.com/permalink.php?story_fbid=153775273597063&id=100670325574225
သင့်ထင်မြင်ချက်ရေးပေးပါ