စစ်ကောင်စီယာဉ်တန်းများ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် တနိုင်းမြို့မှ တရုံသို့သွားသည့် စစ်ကောင်စီမော်တော်ယာဉ်တစ်စီးကို ယနေ့ နေ့လယ် ၁၂ ခွဲတွင် ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ယနေ့နံနက်တွင် တဝမ်တံတားနှင့် ပန္နက်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဒီမနက်က တရုံကနေ လဂျားဘွမ်ရွာဖက် စကစနှစ်ဖွဲခွဲပြီးတော့သွားလိုက်တယ်။ အဲ့အဖွဲ့ကို တနိုင်းကနေ လာကြိုတဲ့ကားကို ကေအိုင်အေက ပစ်လိုက်တာ။ မိုင်းသုံးချက်အသံတော့ ကြားလိုက်တယ်” ဟု ပြောသည်။
ကေအိုင်အေ တပ်ရင်း ၄၅ က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းကွဲပြီးနောက် ပစ်ခတ်သံများလည်း ကြားရကြောင်း သူကဆက်ပြောသည်။
တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့အကြား စက်တင်ဘာလ ၈ ရက်နေ့မှစ၍ မကြာခဏ ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်ရေးတင်းမာလျက်ရှိသည်။
ဓါတ်ပုံ – ၂၀၁၉ ခုနစ်အတွင်းက ဝိုင်း​မော်မြို့နယ် နန်ဆန်ယန်​ကျေးရွာအတွင်း ​တွေ့ရ​သော စစ်​ကောင်စီ၏ စစ်ယာဥ်တန်း။
သင့်ထင်မြင်ချက်ရေးပေးပါ